တောင်ကြီးမြို့ရေကြီးမှုကြောင့်အမျိုးသားတစ်ဦးရေမွန်းသေဆုံးမှုဖြစ်ပွား


သြဂုတ် (၁၈) ၊ ၂၀၁၉

သြဂုတ်(၁၇) ရက်နေ့ည ပိုင်း (၇) နာရီဝန်းကျင်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးအမျိုးသားတစ်ဦးရေမွန်းသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။


ကျောင်းကြီးစုရပ် ၊ ဖရဲငွေတောင်၊ စိန်ဆွယ်လမ်းသွယ် ရှိလူနေအိမ်အုတ်နံရံ ပြိုကျ၍ ရေလျှံနေသောအိပ်ခန်းအတွင်းပိတ်မိပြီး အသက် ( ၆၀) အရွယ်အမျိုးသားတစ်ဦးရေမွန်းသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။


" သေတာကတော့ ရေမွန်းပြီးသေတာပဲ ၊ ဘေးအိမ်ကအုတ်နံရံတွေ ကလဲ ဒီဖြစ်တဲ့ အိမ်ဖက်ကို ပြိုကျတာလေရေတွေ ကလဲကြီး ရေတွေလဲဝင်အဲ့မှာ ပိတ်မိပြီး ရေမွန်းပြီးဆုံးသွားတာ ကြက်ခြေနီအဖွဲ့ကပြောတာကတော့ ၁၀ မိနစ်စောရောက်ရရင် အသက်ကယ်နိုင်သေးတယ် တဲ့ '' ဟု ဖရဲငွေတောင်ရပ်နေ နန်းမြစိန်က သျှမ်းသံတော်ဆင့် သို့ ပြောသည် ။


ယင်းသို့မိုးသည်းထံစွာရွာသွန်းမှုကြောင့်တောင်ကြီး မြို့ပေါ်ရှိ ကျောင်းကြီးစုရပ် ၊ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ ညောင်ဖြူစခန်း၊ ဦးကြီးခမ်း ရပ်ကွက်များနှင့် လူသွားလမ်းများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည် ။



Panglong(Burmese)
https://www.facebook.com/ShanNewsBurmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ