တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမယ့် အမေရိကန်ရဲ့အစီအစဉ် ကြန့်ကြာနေ

ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင်
တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် အမေရိကန်ရဲ့အစီအစဉ်က ကျန်းမားရေး၊ ဘေးကင်းမှု၊ အမျိုးသားလုံခြုံရေးနဲ့ အခြားအကြောင်းအရာတွေကြောင့် ဒီနှစ် ဒီဇင်ဘာလလောက်အထိ ကြန့်ကြာနိုင်ပါတယ်။

အဲဒီလိုအခွန်တိုးကောက်ဖို့ ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင်ပါတယ်။

အဲဒီပစ္စည်းတွေမှအပ အခြားသော တရုတ်ရဲ့ ကုန်ပစ္စည်းတွေကိုတော့ လာမယ့် စက်တင်ဘာ ၁ရက်နေ့က စပြီး ၁၀ရာခိုင်နှုန်းအခွန်စည်းကျပ်မှာဖြစ်ပါတယ်။

အခုလိုပစ္စည်းအချို့အခွန်တိုးဖို့ ကြန့်ကြာရတာလည်း ခရစ်စမတ်မှာ အမေရိကန်ပြည်သူတွေအပေါ် ထိခိုက်မှုရှိနိုင်မှာကို ရှောင်ရှားချင်တာကြောင့်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကသတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က အခုလိုထုတ်ပြန်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ တရုတ် စီးပွားရေးဌာနက ဒုတိယအကြီးအကဲကို အမေရိကန်ကုန်သွယ်ရေးအကြီးအကဲက ဖုန်းခေါ်ပြီး ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ