မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် တံတားတစ်စင်းပြိုကျမှုဖြစ်


ကျိုက်မရော ဩဂုတ် ၁၀

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ရာသီဥတုဆိုးဝါးမှု၊ ရေတိုက်စားမှုများကြောင့် ဩဂုတ် ၉ ရက် ညနေ ၃ နာရီခန့်က ကျွန်းရွာနှင့် ကဒါကျေးရွာကြားမိုင်တိုင် ၇/၆ နှင့်၇/၇ရှိ တံတားအမှတ်၅/၈ အကျယ်၁၅ပေရှိသော ကွန်ကရစ်တံတားတစ်စင်း ပြိုကျမှု ဖြစ်ပွားခဲ့သည် ။

အဆိုပါတံတားပြိုကျမှုဖြစ်ရာသို့ ဆောက်လုပ်ရေးဦးစီးဌာန( လမ်းတံတား) မှတာဝန် ရှိသူများအချိန်မီရောက်ရှိလာပြီးခရီးသွားပြည်သူများအတွက် အန္တရာယ်မဖြစ်စေရန် သတိပေးဆိုင်းဘုတ်များ ချက်ချင်း တပ်ဆင်ပေးခြင်း ၊ အန္တရာယ်ရှိသည့်နေရာသို့ သွားလာမှုမရှိစေရေးနှင့် ဒေသခံများနှင့်ခရီးသွားများ သွားလာမှုမပြတ်တောက်စေရန် ဘေလီတံတားတစ်စီးကို ညတွင်းချင်း ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း ၊ လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ကျော် မှပြောသည်။

ယခုအချိန်တွင် အဆိုပါယာယီ ဘေလီတံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် တံတားတစ်စင်းပြိုကျမှုဖြစ် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် တံတားတစ်စင်းပြိုကျမှုဖြစ် Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.