လယ်ယာစိုက်ပျိုးရေးအကြောင်း ဒေါက်တာသောင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခန်း (၁)



Share/Bookmark
လယ်သမားတွေ လယ်လုပ်နိုင်ဖို့ဆိုတာဟာ အစိုးရဘက်က အမတော်ကြေးထုတ်ပေးနေတာလောက်နဲ့ မလုံလောက်ဘူးလို့ မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။ One News က ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်း သူကအဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေး မြန်းချက် ပထမပိုင်းမှာတော့… မြန်မာနိုင်ငံလူဦးရေရဲ့ (၇၀)ရာခိုင်နှုန်းလောက်ရှိတဲ့ တောင်သူလယ်သမားတွေအပေါ် အာဏာပိုင်တွေဘက် အလေးထားမှု အားနည်းနေတာဘာကြောင့်လဲ၊ လယ်သမားတွေ လယ်စိုက်ရင်းအကြွေးတင်နေတာဘာကြောင့်လဲ၊ ခေတ်မီလယ်ယာစိုက်ပျိုးရေးအတွက် အစိုးရဘက်က ဘာတွေကူညီပေးနေသလဲ၊ ခေတ်မီစုပေါင်းလယ်ယာကလယ်သမားတွေအတွက် ထွက်ပေါက်တခုဖြစ်လာနိုင်သလား… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

တွေ့ဆုံ-မေးမြန်း… ထက်အောင်ကျော်
ရိုက်ကူး- တည်းဖြတ်- ဟိန်းထက်အောင်။

https://www.onenewsmyanmar.com




Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ