ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးခြင်းကြောင့် ကျောင်းပေါင်း (၁၅၀) ကျော် ဖွင့်လှစ်နိုင်ခြင်းမရှိသေး


ဘားအံ၊ သြဂုတ် ၁၉

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေတိုးခြင်းခြင်းတို့ကြောင့် ကရင်ပြည်နယ် အနှံအပြားတွင် ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်ခဲ့ပြီး ကျောင်အချို့မှာ ရေကြီးနစ်မြုပ်ခဲ့တဲ့ စာသင်ကျောင်းတွေထဲက ကျောင်းပေါင်း ၁၅၀ ကျော်က ယခုတိုင် ပြန်လည်ဖွင့်လှစ် ပညာသင်ကြားနိုင်မှု မရှိသေးဘူးလို့ ကရင်ပြည်နယ် အခြေခံပညာရေး ဦးစီးဌာနမှ သတင်းရရှိပါတယ်။


ယမန်နှစ်က သာမာန်ထက် ပိုမိုပြင်းထန်ရှည်ကြာသော ရေကြီးနစ်မြုပ်မှုတွေ ရှိခဲ့ပြီး ယခုနှစ်မှာတော့ သမန်ရေ ကြီးမှု အဆင့်သာ ရှိခဲ့ပေမယ့် မြို့နဲ့ အလှမ်းဝေးတေဲ့ အချို့သော စာသင်ကျောင်းတွေက ပြန်လည်ဖွင့်လှစ် ပ ညာသင်ကြားဖို့အတွက် အခက်အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။


“ အထူးသဖြင့် အနိမ့်ပိုင်းကျေးရွာတွေ၊ အဲ့ဒီမှာက ရေကျော်တာက နည်းတယ်ဆိုပေမယ့် ကျောင်းလာတက်မယ့် ကလေးတွေက ရှိသေးတယ်၊ သူတို့ကို ထိန်းချုပ်ဖို့ကလည်းခက်လို့ ကျောင်းပြန်ဖွင့်ဖို့ ကိစ္စကို သူတိုတို့ရဲ့ဘေးအန္တရာယ်အတွက်လည်း ထည့်စဉ်းစားသင့်တယ်" လို့ ဘားအံမြို့နယ် မိဇံကျေးရွာနေ စောကျော်မနိုက်အွာက ပြောပါတယ်။


သြဂုတ်လ လဆန်းပိုင်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ မြစ်ရည်လျှံမှုကြောင့် ကရင်ပြည်နယ်က မြို့နယ် (၆) ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးရှောင်စခန်းပေါင်း ၄၃ ခုဖွင့်လှစ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ရေအခြေအနေ ကျဆင်းမှုကြောင့် ရေဘေးရှောင်စခန်းပေါင်း ၃၄ ခုကို ပြန်လည် ပိတ်သိမ်းခဲ့ပြီး ဖြစ်တယ်လို့ ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲမှု ဦးစီးဌာနက ဆိုပါတယ်။

ယခုနှစ်ကာလအတွင်းမှာ ကရင်ပြည်နယ် တစ်ခုလုံးအနေနဲ့ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့ နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မြ၀တီမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စောလင်းခိုင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးခြင်းကြောင့် ကျောင်းပေါင်း (၁၅၀) ကျော် ဖွင့်လှစ်နိုင်ခြင်းမရှိသေး ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးခြင်းကြောင့် ကျောင်းပေါင်း (၁၅၀) ကျော် ဖွင့်လှစ်နိုင်ခြင်းမရှိသေး Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.