ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ရှစ်ဦးအထိ ရှိနေ

ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရရှိသွားတဲ့ လားရှိုးအခြေစိုက် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကို ၂၀၁၉၊ သြဂုတ် ၁၇ ရက်နေ့က မြင်တွေ့ရစဉ်
သြဂုတ်လ ၁၅ ရက်နေ့ကစပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ရှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး၊ လမ်းပြအဖြစ်အတင်းအဓ္ဓမဖမ်းဆီး ခေါ်ဆောင်ခံရသူ လေးဦးရှိတယ်လို့ ရှမ်းပြည်နယ်( မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲကာလအတွင်း တပ်မတော်က ဖမ်းဆီးထားသူ မရှိကြောင်းနဲ့ ပြင်ဦးလွင်မှာတော့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတာရှိတယ်လို့ RFA ကို ပြောပါတယ်။

အရပ်ဖက်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ပဋိပက္ခဒေသအတွင်း အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဘေးကင်းလုံခြုံစွာ သွားလာခွင့်ရအောင် လုပ်ဆောင်ပေးဖို့၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ မြို့တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲတွေ ရှောင်ရှားဖို့နဲ့  တိုက်ပွဲအတွင်း ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို သက်ဆိုင်ရာမှ တာဝန်ယူပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူတွေ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့နဲ့ တိုက်ပွဲကြောင့် စားဝတ်နေရေးပြဿနာတွေကြုံနေရတဲ့ ဒေသတွေကိုလည်း အစိုးရဝန်ကြီးဌာတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အချိန်မီပို့ဆောင်ပေးဖို့ကို တိုက်တွန်းထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ရှမ်းပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ရှစ်ဦးအထိ ရှိနေ ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ရှစ်ဦးအထိ ရှိနေ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.