မင်္ဂလာဆောင်မှာ အသေခံဗုံးခွဲလို့ အများအပြားဒဏ်ရာရ

မျက်မြင်တွေရဲ့ပြောပြချက်အရတော့ မင်္ဂလာပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲသမားက ဗုံးကိုချိန်ကိုက် ဖောက်ခွဲခဲ့တာ
အာဖဂန်မြို့တော်၊ ကဘူးက မင်္ဂလာပွဲတစ်ခုရဲ့ခန်းမထဲမှာ အသေခံဗုံးခွဲသမားတဦးက ဗုံးခွဲခဲ့လို့ တက်ရောက်လာသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မျက်မြင်တွေရဲ့ပြောပြချက်အရတော့ မင်္ဂလာပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲသမားက ဗုံးကိုချိန်ကိုက် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုက ရှီအာမူဆလင်တွေအများဆုံးနေထိုင်တဲ့ ကဘူးမြို့တော်ထဲက နေရာတခုမှာ ဒေသစံ တော်ချိန် ည ၁၁နာရီလောက်ကဖြစ်ခဲ့တာပါ။

အခုလိုအသေခံဗုံးခွဲတိုက်ခိုက်တာကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှာ သူတို့လုပ်တာလို့ ပြောဆိုတာမရှိသေးပါဘူး။

တာလီဘန်နဲ့ အိုင်အက်စ် စစ်သွေးကြွတွေက အာဖဂန်နဲ့ ပါကစ္စတန်မှာရှိတဲ့ လူနည်းစု ရှီအာမူဆလင်တွေ အပေါ် အမြဲပစ်မှတ်ထားတိုက်ခိုက်တာတွေရှိပါတယ်။

BBC Burmese
https://www.bbc.com
မင်္ဂလာဆောင်မှာ အသေခံဗုံးခွဲလို့ အများအပြားဒဏ်ရာရ မင်္ဂလာဆောင်မှာ အသေခံဗုံးခွဲလို့ အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.