မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ငန်းတွေကို အမည်ပျက်စာရင်း ထည့်သွင်း

(Source - Burma Campaign UK)

 မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်တဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ကုမ္ပဏီတွေ စုစုပေါင်း ၃၈ ခုကို ဗြိတိန်အခြေစိုက် Burma Campaign UK က သြဂုတ်လ ၂ဝ ရက်နေ့စွဲနဲ့ အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာရင်းမှာ Google ၊ Apple ၊ EDF ၊ Peel Group ၊ Huawei နဲ့ TPG Capital စတဲ့ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒီကုမ္ပဏီတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ပိုင် လုပ်ငန်းကုမ္ပဏီတွေအတွက် နည်းပညာအကူအညီတွေ၊ စစ်တပ်ပိုင် ဆိပ်ကမ်း၊ စစ်တပ်ပိုင် Mytel ကုမ္ပဏီတွေနဲ့ ဆက်စပ်ပတ်သက် ကူညီဆောင်ရွက်ပေးနေကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ငန်းတွေကို အမည်ပျက်စာရင်း ထည့်သွင်း မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ငန်းတွေကို အမည်ပျက်စာရင်း ထည့်သွင်း Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.