ကျိုင်းလပ်မြို့ကနေ တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် အမျိုးသမီးနှစ်ဦးကို စည်းရုံးခေါ်ဆောင်သူကို ဖမ်းဆီးရမိ


တာချီလိတ်၊သြဂုတ် ၁၆

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နန်းငေါ့ရွာနေသူ အမျိုးသမီး(၂)ဦးကို တရုတ်အမျိုးသားနဲ့လက်ထပ်ရန် စည်းရုံးခေါ်ဆောင်သူကို ဒီကနေ့ သြဂုတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းက တာလေမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။


နန်းငေါ့ရွာနေ မ…(၂၀)နှစ်နဲ့ မ…(၂၀)နှစ်တို့နှစ်ဦးမှာ အမည်မသိအမျိုးသမီး(၁)ဦးက ဖုန်းဆက်ခေါ်ကာ မိဘများမသိအောင် နေအိမ်ကနေ တာလေမြို့ဘက်ကို ဆိုင်ကယ်နဲ့ထွက်သွားကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲအုပ် လှဖုန်း က ဒီကနေ့ သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၁၀) နာရီအချိန်ခန့်က ဆက်သွယ်လာသဖြင့် တာလေနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များတို့က တာလေလမ်းဆုံအနီး ဖုန်းဆိုင်မှာ စောင့်ဆိုင်းနေစဉ် မ…(၂၀)နှစ်နဲ့ မ…(၂၀)နှစ်တို့နှစ်ဦးရာက်ရှိလာပြီး ခဏအကြာ ကျိုင်းတုံဘက် အဌားယာဉ်နဲ့ မနှာဖူး ရောက်ရှိပြီး မ…(၂၀)နှစ်နဲ့ မ…(၂၀)နှစ်တို့နှစ်ဦးကို ခေါ်နေစဉ် စစ်ဆေးရာ မနှာဖူး က သူတို့နှစ်ဦးကို တရုတ်နိုင်ငံကို ပို့ဆောင်ကာ တရုတ်အမျိုးသားနဲ့ လက်ထပ်ရန်စည်းရုံး သွေးဆောင်ခဲ့ကြောင်းစစ်ဆေးသိရှိခဲ့တယ်လို့ သိရပါတယ်။


တရုတ်အမျိုးသားနဲ့လက်ထပ်ရန်စည်းရုံးသွေးဆောင်သူ မနှာဖူး (၂၆)နှစ်၊ မိုင်းဖျန်မြို့နေသူကို ကျိုင်းလပ်နယ်မြေရဲစခန်းမှာ (ပ)၅/၂၀၁၉၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


သတင်း-ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျိုင်းလပ်မြို့ကနေ တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် အမျိုးသမီးနှစ်ဦးကို စည်းရုံးခေါ်ဆောင်သူကို ဖမ်းဆီးရမိ ကျိုင်းလပ်မြို့ကနေ တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် အမျိုးသမီးနှစ်ဦးကို စည်းရုံးခေါ်ဆောင်သူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.