မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်/ ဓါတ်ပုံ - ကံသာ/ RFA |
သူတို့တွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ၀က်ချောင်းကလေး၊ ၀က်ချောင်းကြီး၊ ကျွန်းကြီး၊ တောင်ပေါက်၊ ဂွေးပင်၊ မျိုးချယ်၊ မုဌော စတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။
ဒေသမှာအလုပ်အကိုင်ရှားပါးပြီး လုပ်အားခနည်းပါးတာတွေကြောင့် တစ်လကို လစာ ကျပ် ၈ သိန်းလောက်ရမယ်ဆိုလို့ ပြီးခဲ့တဲ့ ခြောက်လလောက်က တရုတ်ပြည်ကို ထွက်သွားကြတာလို့ သိရပါတယ်။
သူတို့သွားတဲ့လမ်းဟာ တရားဝင်၊ မ၀င်ဆိုတာကိုတောင် သေချာမသိဘဲ ခုနှစ်ရက် လည်ပတ်ခွင့် ဗီဇာနဲ့ တရုတ်နိုင်ငံထဲကို သွားရောက်ကြပြီး ခြောက်လအကြာမှာ ပြန်လာကြတာပါ။
သူတို့ကို တရုတ်အာဏာပိုင်တွေက နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)
RFA Burmese
https://www.rfa.org/burmese
တရုတ်ပြည်မှာ နှစ်ပတ်ကျော်ကြာဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၁၈ ယောက် ပြန်လွတ်လာ
Reviewed by THITHTOOLWIN
on
19:35
Rating: