လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမိုးဇလဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

    ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း၊  အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။

လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ရာ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလ ၏ အသိပေးနှိုးဆော်ချက်တွင်ပါရှိသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင် Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.