RFA သတင်းထောက်ဟောင်း နှစ်ဦးကို ကမ္ဘောဒီးယား စတင် စစ်ဆေး

ဖမ်းဆီးခံ RFA ကမ္ဘောဒီးယား သတင်းထောက်ဟောင်း နှစ်ဦး။
ကမ္ဘောဒီးယား အစိုးရက သူလျှိုမှုနဲ့ ဖမ်းဆီးထားတဲ့ သူတို့နိုင်ငံသား RFA သတင်းထောက်ဟောင်း နှစ်- ဦးကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။ အဲဒီသတင်းထောက်ဟောင်းတွေဟာ နိုင်ငံခြားတိုင်းပြည်တခုကို နိုင်ငံတော်လုံခြုံရေး ထိခိုက်စေတဲ့ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက စွပ်စွဲထားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ သူတို့ပေးပို့ခဲ့တဲ့ သတင်းတွေဟာ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ သတင်းတွေသာဖြစ်ပြီး လျှို့ဝှက်ချက် မဟုတ်ဘူးလို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က RFA ဌာနခွဲကို ၂ဝ၁၇ စက်တင်ဘာမှာ ပိတ်ပစ်ခဲ့ပြီးနောက် နိုဝင်ဘာလမှာ သူတို့ကို အစိုးရက ဖမ်းဆီးခဲ့တာပါ။

RFA ပြောခွင့်ရသူ Rohit Mohajan ရိုဟစ် မိုဟာဂျန်က ကမ္ဘောဒီးယားအစိုးရအနေနဲ့ မိမိတို့ဌာန ဝန်ထမ်းဟောင်း နှစ်ဦးအပေါ် သက်သေအထောက်အထားကင်းမဲ့စွာ ဖမ်းဆီးစွဲဆိုထားတာကို ပယ်ဖျက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ ပြောကြားလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ