ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို လွှတ်ပေးဖို့ PEN America တောင်းဆို

Photo: Justice for MinHtin KoKoGyi/ FB
 ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို တပ်မတော်အပေါ် မလေးမစား တာဝန်ပျက်စေမှု ပုဒ်မ ၅ဝ၅(က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စွဲချက်တင်လိုက်တာဟာ လွတ်လပ်စွာ သဘောထားထုတ်ဖော်ခွင့်ကို တိုက်ခိုက်မှုဖြစ်တဲ့အတွက် လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် PEN America အဖွဲ့က အင်္ဂါနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

Online လူမှုမီဒီယာကနေ မင်းထင်ကိုကိုကြီးက သဘောထားတင်ပြခဲ့တာကို ခုလို ပစ်မှတ်ထားခဲ့တာဟာ မြန်မာအစိုးရအနေနဲ့ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ကို ဆက်လက်ပြီး ဥပက္ခာပြုနေကြောင်း ပြသလိုက်တာပဲလို့ PEN America အဖွဲ့က ပြောပါတယ်။

တဆက်တည်းမှာပဲ ဒါဟာ အစိုးရနဲ့တပ်မတော်ကို ဝေဖန်ရင် ဒုက္ခနဲ့ ကြုံရလိမ့်မယ်လို့ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အနုပညာသမားတွေကို သတိပေးလိုက်တာဖြစ်ပါတယ်။ သူ့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ PEN America လွတ်လပ်စွာ သဘောထားထုတ်ဖော်ခွင့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ