iPhone ကို ခြေရာခံမိရာကနေ တာချီလိတ်က သိန်း (၃၀၀)ကျော် ခိုးမှုမှာ ပါဝင်သူတွေကို ဖမ်းမိ

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
တာချီလိတ်၊ ဇူလိုင် ၂

ရွှေထည်ပစ္စည်းတွေနဲ့အတူ ခိုးယူသွားတဲ့ iPhone ကို တည်နေရာ ခြေရာခံမိရာကနေတစ်ဆင့် လွန်ခဲ့တဲ့ တစ်လလောက်က ကျပ်သိန်း (၃၀၀)ကျော် ခိုးမှုမှာ ပါဝင်သူတွေကို တာချီလိတ်မှာ ဖမ်းဆီးရမိပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြီးခဲ့တဲ့ မေလ (၃၁)ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ပုံလို့လမ်းက နေအိမ်တစ်အိမ်မှာ ကျပ်သိန်း (၃၀၉)သိန်းကျော် တန်ဖိုးရှိတဲ့ ရွှေထည်နဲ့ i phone 5s အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံး၊ i phone 6 plus ရွှေရောင်ဘလက်ကိုင်ဖုန်း (၁)လုံး၊ i pad Air အဖြူရောင် (၁)လုံး၊ Nokia Keypad အနက်ရောင် လက်ကိုင်ဖုန်း (၁)လုံးတို့ကို ခိုးယူသွားခဲ့တာ ဖြစ်ပြီ အဲဒီထဲက ရွှေရောင် iPhone 6 Plus ရဲ့ တည်နေရာကို ဇွန်လ (၃၀)ရက်က စတင်ကာ ခြေရာခံမိတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
iPhone 6 Plus ရဲ့ တည်နေရာဟာ တာချီလိတ်မြို့၊ ပါလျံ(၁)ရပ်ကွက်က အလိုတော်ပြည့် ဘုန်းကြီးကျောင်းအနီးမှာ ပြနေတာကြောင့် စုံစမ်းရာမှာ ပါလျှံ(၁)ရပ်ကွက်အတွင်းရှိ အလှပြင်ဆိုင် တစ်ဆိုင်က အလုပ်သမားတစ်ဦးထံမှာ တွေ့ရှိခဲ့ပါတယ်။

“အဲဒီဖုန်းကိုင်တဲ့ ကောင်မလေးက သူ့အဖေက ပေးထားတယ်ပြောတယ်။ သူ့အဖေကို စစ်တော့ ကျော်ထွန်းလင်းဆိုတဲ့ သူဆီကနေ ဖုန်းတစ်လုံးနဲ့ လဲထားတယ်လို့ သိရတယ်။ အဲဒီကနေ ကျော်ထွန်းလင်းက ရဲမင်းထက်ဆိုတဲ့သူဆီကနေရတယ်ပြောတယ်။

အဲဒီလိုကွင်းဆက်လိုက်ရာကနေ ရွှေထည်အချို့နဲ့ ခိုးမှုနဲ့ ဆက်စပ်သူတွေကို ဖမ်းမိတာ” လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့ရဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ခိုးမှု ကျူးလွန်တဲ့ ကျော်ထွန်းလင်းနဲ့ ရဲမင်းထက်တို့ကို စစ်ဆေးရာမှာ သူတို့ ခိုးထားတဲ့ ရွှေထည်ပစ္စည်းတွေကို တာချီလိတ်မြို့၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိရွာက ရာဘာခြံစောင်းမှာ တဲထိုးနေထိုင်သူ ဦးကျော်မြင့်ထံ ပေါင်နှံထားကြောင်းသိရတာကြောင့် သွားရောက်စစ်ဆေးရာမှာ ဦးကျော်မြင့်ရဲ့ တဲအတွင်းကနေ ကျပ်(၅၁)သိန်းဖိုးကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ရွှေထည်ပစ္စည်းတွေကို ဝင်ရောက်ခိုးယူတဲ့ ကျော်ထွန်းလင်း၊ ရဲမင်းထက်နဲ့ ပစ္စည်းလက်ခံသူ ဦးကျော်မြင့်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ကျန်တဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ