ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတပ်ဆင်ထားသည်ကို တွေ့ရစဉ် |
ဇန်န၀ါရီလ တစ်ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့ ဒီနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး သံသယရှိ လူနာ ၄၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁၅၀ ယောက်ရှိခဲ့ပြီး ၃၀ ယောက် သေဆုံးခဲ့ တာဖြစ်ပါတယ်။
သေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းကဖြစ်ပြီး ရန်ကုန်တိုင်းမှာ ပိုးတွေ့သူ ၈၇ ဦး ရှိတဲ့ထဲက ၂၄ ဦး သေဆုံးခဲ့ တာဖြစ်ပါတယ်။
ကျန်တဲ့ ၆ ယောက်ကတော့ ဧရာဝတီတိုင်းက သုံးယောက်နဲ့ စစ်ကိုင်းတိုင်းက နှစ်ယောက်၊ မွန်ပြည်နယ်မှာ တစ်ယောက်တို့ H1N1 နဲ့ သေဆုံးခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၃၀ ဦးရှိလာ
Reviewed by THITHTOOLWIN
on
19:13
Rating: