ဇူလိုင် ၁၅ ရက်နေ့အထိ H1N1 ကြောင့်သေဆုံးသူ ၅၄ ဦးရှိသွားပြီ

ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်။
H1N1 ရာသီတုပ်ကွေးရောဂါကြောင့် ဇူလိုင် ၁၅ ရက်နေ့အထိ သေဆုံးသူ ၅၄ ဦး ရှိသွားပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ခွဲစစ်ဆေးသူ ၆၇၁ ဦးထဲက ပိုးတွေ့ရှိသူ ၂၇၄ ဦးနဲ့၊ သေဆုံးသူ ၅၄ ဦး ရှိနေပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ ၄ ဦး၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ၂ ဦးစီနဲ့ မကွေးတိုင်းမှာ ၁ ဦး သေဆုံးခဲ့ပြီး၊ ရန်ကုန်တိုင်းက ၄၃ ဦးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ၅ ဦး၊ ဒဂုံမြို့သစ် တောင်ပိုင်းမှာ ၅ ဦးနဲ့ ကျန်တဲ့သူတွေက မြို့နယ်ပေါင်း ၂ဝ က ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဇူလိုင် ၁၅ ရက်နေ့အထိ H1N1 ကြောင့်သေဆုံးသူ ၅၄ ဦးရှိသွားပြီ ဇူလိုင် ၁၅ ရက်နေ့အထိ H1N1 ကြောင့်သေဆုံးသူ ၅၄ ဦးရှိသွားပြီ Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.