ဝမ်းတွင်းမြို့နယ်တွင် လေးဘီးယာဉ်တိမ်းမှောက်၍ လူတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ


ရွှေတောင် ဇူလိုင် ၂၅

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်အုပ်စု ရွှေကံကျေးရွာအနီးတွင် ဇူလိုင် ၂၃ရက် ညနေ ၄နာရီ ၂၃ မိနစ်အချိန်ခန့်တွင် ကုန်မျိုးစုံတင်လာသော လေးဘီး ယာဉ်တိမ်းမှောက်၍ လူတစ်ဦးသေ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေတောင် နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကွန်ကရစ်ကားလမ်း မိုင်တိုင်အမှတ် ၃၇၀/၆ နှင့် ၇ အကြား ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ချမ်းမြသာစည်မြို့နယ် အောင်ချမ်းသာရပ်ကွက်နေ စောနိုင်(၄၇)နှစ် မောင်းနှင်လာသော ကုန်မျိုးစုံ တင်ဆောင်လာသည့် ယာဉ်အမှတ် MDY-8K/----- TOYOTA TOWNACE အမျိုးအစား အဖြူရောင် လေဘီးယာဉ်မှာ ရွှေကံကျေးရွာအနီးအရောက်တွင် လမ်း၏ယာဘက်ခြမ်းသို့ အရှိန်လွန်စလစ်ဖြစ်ပြီး တိမ်းမောက်ခဲ့သဖြင့် ယာဉ်ပေါ် လိုက်ပါလာသူ ကျားနှစ်ဦး မနှစ်ဦး စုစုပေါင်း ၄ဦး ဒဏ်ရာရရှိသဖြင့် ဝမ်းတွင်း ဆေးရုံသို့ ပို့ဆောင်စဉ် ယာဉ်ပေါ်လိုက်ပါလာသည့် ဒဏ်ရာရရှိသူများအနက်မှ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်နေ မအငယ်မ(၂၆)နှစ်မှ အခင်းနေရာဦ ရရှိသောဒဏ်ရာများဖြင့် လမ်းတွင်သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စောနိုင်အား ရွှေတောင် နယ်မြေရဲစခန်းမှ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း စုံစမ်းသိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဝမ်းတွင်းမြို့နယ်တွင် လေးဘီးယာဉ်တိမ်းမှောက်၍ လူတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ ဝမ်းတွင်းမြို့နယ်တွင် လေးဘီးယာဉ်တိမ်းမှောက်၍ လူတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.