လားရှိုးမြို့တွင် အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံး

ဓာတ်ပုံ-နေမျိုး

တောင်ကြီး၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့နယ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)မှာ ဇူလိုင်လ(၁၃)ရက်နေ့က အမျိုးသားတစ်ဦး ရေတွင်းထဲကျ၍သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

လားရှိုးမြို့နယ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)မှာ နေထိုင်သူ သန်းဇော်ဝင်း ၊ အသက်(၄၀)နှစ်ဟာ အကျယ်(၃)ပေ၊ အနက်(၆၀)ခန့်ရှိ ရေတွင်းထဲကျ သေဆုံးနေတာကြောင့် ကူညီဆယ်ယူပေးဖို့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ကနေ လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့ထံ အကူအညီ တောင်းခံလာတဲ့ အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေက ရေတွင်းထဲသိုဆင်းပြီး အလောင်းကိုဆယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-နေမျိုး

အဆိုပါအလောင်းကို လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ လားရှိုးပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)သို့ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် တာဝန်ရှိသူများက အသေးစိတ်အား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
လားရှိုးမြို့တွင် အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံး လားရှိုးမြို့တွင် အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံး Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.