စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

Photo: ဦးဝင်းငြိမ်း/ Facebook

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ဇူလိုင်( ၁) ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့နေအိမ်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကို ၁၉၃၈ ခုနှစ်မေလ၊ (၁၄) ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ အဖ ဦးမောင်ထင်၊ အမိဒေါ်ရွှေ တို့က မွေးဖွားခဲ့ပါတယ်။ အမည်အရင်းက ဒေါ်ခင်ခင်ဝင်းဖြစ်ပါတယ်။

မူလတန်းကစပြီး ဖျာပုံမြို့အစိုးရအထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့ပြီး အဲဒီနှစ်မှာပဲ ရန်ကုန်တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။
ငယ်စဉ်ထဲက စာပေဝါသနာပါသူဖြစ်တဲ့အတွက် ခင်ပွန်းဖြစ်သူ ကာတွန်းစိန်ကြီး ထုတ်ဝေတဲ့ ရွှေရုပ်လွှာစာစောင်နဲ့ မိုးသောက်မဂ္ဂဇင်းတို့မှာ အခန်းဆက်ဝတ္ထုရှည်တွေ စတင်ရေးခဲ့ပါတယ်။

၁၉၇ဝ- ခုနှစ်၊ ဇူလိုင်လမှာ ‘ရမက်ကြမ္မာသံသရာ’ လုံးချင်းဝတ္ထုကို ကလောင်အမည် ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) နဲ့ စပြီး ရေးသားထုတ်ဝေခဲ့ပါ တယ်။ ၁၉၆၅ ခုနှစ်မှ ၂၀ဝ၂ခုနှစ်ထိ (၃၃) နှစ်တာ ကာလအတွင်း လုံးချင်း ဝတ္ထုအုပ်ရေပေါင်း ၁ဝဝ ၊ ဝတ္ထုရှည် ၂ဝ ခန့် နှင့် ဝတ္ထုတို ၈ဝ ကျော် ရေးသားခဲ့ပါတယ်။

၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလကစပြီး ကလျာမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့ပါတယ်။ သုဝဏ္ဏဘူမိသူ၊ သီရိ ပစ္စယာသား၊ တောင်သမန်သစ္စာ၊ ငပလီနှင့် လန်ကာဝီ၊ ခေမရဌ်အကျဉ်းစံ စတဲ့ဝတ္တုတွေဟာ ဆရာမကြီးရဲ့ထင်ရှားတဲ့ဝတ္တုတွေဖြစ်ပါတယ်။

ဒေါ်ကလျာဟာ ဘဝတလျှောက်လုံး စာပေလောကထဲမှာပဲ ရပ်တည်နေထိုင်သွားသူ စာပေလောက သားစစ်စစ်တယောက် ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ ဈာပနအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့မှာ ရေဝေးသုဿာန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆရာမကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပြီပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန် စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန် Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.