ထီးချိုင့်​မြို့​ပေါ်တွင်​ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


ထီးချိုင့် ဇူလိုင် ၂၃

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ ထီးချိုင့်​မြို့၊ အမှတ်​၂ ပိ​တောက်​လှ ရပ်​ကွက်​တွင်​ စကားများရန်ဖြစ်ရာမှ လူသတ်​မှုတစ်​ခု ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဇူလိုင် ၂၂ ရက် ည ၈ နာရီ ခန့်တွင်​ ထီးချိုင့်​ မြို့မရဲစခန်းမှယာယီစခန်းမှူး ရဲအုပ်​​ဌေးဝင်း ဦးစီး​သောရဲ တပ်​ဖွဲ့ဝင်​များသည်​လူသတ်​မှု ဖြစ်​ပွား​ကြောင်းသတင်းအရ အခင်းဖြစ်​​နေရာသို့သက်​​သေများနှင့်​အတူသွား​ရောက်​ ကြည့်​ရှုစစ်​​ဆေးခဲ့ရာ ထီးချိုင့်​မြို့၊ အမှတ်​၂ ပိ​တောက်​လှ ရပ်​​ကွက်​​နေဖြိုး​ဝေ​မောင်​(ခ)ဖိုးဖက်​ နှင့်​ခြံချင်းကပ်​လျက်​​နေ ​အောင်​​ကျော်​သူတို့နှစ်​ဦးသည်​အရက်​​သေစာ​သောက်​စား မူးယစ်​​ စကားများရန်​ဖြစ်​ကြရာ​ အောင်​​ကျော်​သူ နှင့်​ ညီဖြစ်​သူ ဟိန်းထက်​​အောင်​တို့ နှစ်​ဦးက ဖြိုး​ဝေ​မောင်​(ခ)ဖိုးဖက်​အားအရိုးအ သွား(၁၂)လက်​မခန့်ရှိ ဓားဦးချွန်​ဖြင့်​ ထိုးသွင်းခဲ့ရာ အခင်းဖြစ်​​နေရာတွင်​​ သေဆုံးသွား​ကြောင်း စစ်​​ဆေး​ တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထီးချိုင့်​မြို့၊ အမှတ်​၂ ပိ​တောက်​လှ ရပ်​ကွက်​​နေ ​အောင်​​ကျော်​သူ နှင့်​ ညီဖြစ်​သူ ဟိန်းထက်​​အောင်​တို့ နှစ်​ဦးအား ထီးချိုင့်​မြို့မရဲစခန်းက ဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထီးချိုင့်​မြို့​ပေါ်တွင်​ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ထီးချိုင့်​မြို့​ပေါ်တွင်​ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:49 Rating: 5
Powered by Blogger.