ဂျာမဏီ အမျိုးသမီးကာကွယ်ရေးဝန်ကြီး ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်

ဂျာမဏီ ကာကွယ်ရေးဝန်ကြီး Ursula von der Leyen
၂၈ နိုင်ငံ ပါဝင်တဲ့ EU ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်တွေကို အနည်းဆုံး နောင် ငါးနှစ်ကြာ သက်တမ်းအထိ ရွေးချယ်လိုက်ပြီ ဖြစ်တဲ့အတွက် EU အဖွဲ့ဝင်တွေကြား သောင်မတင်ရေမကျဖြစ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။

ဂျာမဏီ ကာကွယ်ရေးဝန်ကြီး Ursula von der Leyen ကို ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ်နဲ့ ဘယ်လ်ဂျီယန်ဝန်ကြီးချုပ် Charles Michel ကို EU ကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြောင်း လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ငွေကြေး ကျွမ်းကျင်ပညာရှင် ပြင်သစ်နိုင်ငံက Christine Legarde ကို ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပြီး ယာယီ စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Borrell ကို ဥရောပနိုင်ငံခြားရေးရာ အကြီးအကဲအဖြစ် ရွေးချယ်လိုက်ပါတယ်။

ဥရောပ ပါလီမန် ဥက္ကဋ္ဌရာထူးကိုတော့ Strasbourg မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အမတ်တွေက ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ