အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံး

အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့ Addison လေဆိပ်၌ လေယာဉ်ပျက်ကျမှုမြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ဟူစတန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့ အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။

၎င်းလေယာဉ်ငယ်သည် ဒါးလက်စ်မြို့ လယ်ခေါင်မှ မြောက်ဘက် ၂၅ကီလိုမီတာအကွာ၌ တည်ရှိသော Addison လေဆိပ်တွင် ပျက်ကျမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းလေယာဉ်ငယ်ပေါ်လိုက်ပါလာသူ ၁ဝ ဦးစလုံး သေဆုံးသွားကြောင်း Addison မြို့  ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Mary Rosenbleeth က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံး အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.