မင်းတုန်းမြို့နယ်တွင် ကူးတို့စက်လှေတိမ်းမှောက်၍ ကျောင်းသူ (၄)ဦး ပျောက်ဆုံး


မင်းတုန်း ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့အမှတ်(၁)ရပ်ကွက်-ပေါက်ကိုင်းကျေးရွာ ကူးတို့စက်လှေသည် ယနေ့ ညနေ ၂ နာရီ၄၅မိနစ်ခန့်တွင် ပေါက်ကိုင်းကျေးရွာနေကျောင်းသားကျောင်းသူများ
အပါအဝင်ခရီးသည် ၁၈ ဦး တင်ဆောင်ဆောင်ပြီးပေါက်ကိုင်းကျေး ရွာဘက်သို့ မောင်းနှင်သားစဉ်မင်းတုန်းချောင်းနှင့်မူးချောင်းဆုံ တွင်တိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါသူများ ရေစီးဖြင့်မျောပါသွားခဲ့သည်။

ရေစီးဖြင့်မျောပါသွားသူများအနက်အချို့မှာ ကမ်းဘက်ကူးနိုင်ခဲ့ကြပြီး အချို့မှာရေစီးဖြင့် ဆက်လက်မျောပါသွား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ ဦးဆောင်ပြီးမြို့နယ်မီးသတ် ဦးစီး
အရာရှိ ဦးခင်ဇော်အောင်နှင့် တပ်ဖွဲ့င်များ၊ရဲတပ်ဖွဲဝင်များမှ ပြည်သူများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ကူဖြူကျေးရွာနှင့်ပြောင်းပြာကျေးရွာအနီးတို့တွင် ကျောင်းသား(၁)ဦးနှင့်ကျောင်းသူ(၃)ဦးကယ်ဆယ်နိုင်ခဲ့ပြီး ကျောင်းသူ(၄)ဦးပျောက်ဆုံးလျှက်ရှိကာ မင်းတုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ပြီးရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျှက်ရှိသည်။


အဆိုပါကျောင်းသားကျောင်းသူများမှာ မင်းတုန်းမြို့အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသူများဖြစ်ပြီးကျောင်းပိတ်၍ မိမိရွာသို့ ပြန်ကြခြင်းဖြစ်ကြောင်း သိရသည်။

ချင်းကလေး(မင်းတုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ