တရုတ်လက်နက် သန်း ၄ဝ ဖိုး ကမ္ဘောဒီးယား ဝယ်ယူ

(ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ၂၀၁၉၊ ဧပြီ ၂၉ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ တွေ့ဆုံခဲ့စဉ်)
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က တရုတ်နိုင်ငံကနေ လက်နက်ခဲယမ်း အရေအတွက် ထောင်ပေါင်းများစွာ ဝယ်ယူခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီ လက်နက်တွေကို မိမိတို့ နိုင်ငံ တင်ပို့လိုက်ပြီဖြစ်တယ်။ ဒီနှစ်အတွင်း တရုတ်ပြည်ကနေ လက်နက်ခဲယမ်း အမေရိကန် ဒေါ်လာ သန်း ၄ဝ ဖိုး ဝယ်ယူခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘောဒီးယားဟာ တရုတ်ပြည်ကနေ အရင်ကလည်း ဒေါ်လာ သန်း ၂၉ဝ ဖိုး လက်နက်တွေ ဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်လက်နက် သန်း ၄ဝ ဖိုး ကမ္ဘောဒီးယား ဝယ်ယူ တရုတ်လက်နက် သန်း ၄ဝ ဖိုး ကမ္ဘောဒီးယား ဝယ်ယူ Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.