တပ်မတော်ကဖမ်းဆီးခံထားရသူနောက်တစ်ဦး စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ တပ်မတော်ကဖမ်းဆီးပြီးနောက် စစ်ဆေးခံရတဲ့ ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးကို ဒီနေ့ ညနေ က အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။


သူဟာ ဇွန်လ ၁၉ ရက်နေ့က AA အဖွဲ့ဝင်လို့ စွပ်စွဲချက်နဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ဇွန် လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့မရဲစခန်းကို တပ်မတော်က လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။


ကိုဇော်ဝင်းလှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီးနောက် ကျောက်တော်ဆေးရုံမှာ အပြင်လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။


တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး မနေ့ကည ၁ နာရီလောက်မှာ ချောင်းဆိုးပြီးသွေးအန်လာတဲ့အတွက် ရဲစခန်းအချုပ်ကနေ ကျောက်တော်ဆေးရုံကို အရေးပေါ် အနေ နဲ့ ဒီနေ့ စစ်တွေဆေးရုံကို ဆက်လက်ပို့ဆောင်လိုက်ရတာဖြစ်တယ်လို့ လူနာကိုအနီးကပ်အကူအညီ ပေးနေတဲ့ ကျောက်တော်မြို့ခံ ဒေါ်ဝါဝါရွှေက RFA ကိုပြောပါတယ်။

ကိုဇော်ဝင်းလှိုင်ဟာ လက်ရှိအချိန်မှာ အသက်ရှူမဝတာ၊ တံတွေးထွေးတိုင်း သွေးတွေပါနေတာတွေ ကြောင့် သူ့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရတယ်လို့ တာဝန်ကျဆရာဝန်တွေရဲ့ ပြောဆိုချက်ကိုကိုးကား ပြီး ဒေါ်ဝါဝါရွှေက ပြောပါတယ်။

တပ်မတော်က စစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA ကမေးမြန်းခဲ့ရာမှာ ဒီကနေ့ညနေ ပိုင်းအချိန်အထိ ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။

RFA Burmese
https://www.facebook.com/pg/rfaburmese
တပ်မတော်ကဖမ်းဆီးခံထားရသူနောက်တစ်ဦး စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရ တပ်မတော်ကဖမ်းဆီးခံထားရသူနောက်တစ်ဦး စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရ Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.