ချောင်းအတွင်း ငါးရှော့တိုက်ရင်း တပ်ကြပ်ကြီးတစ်ဦးသေဆုံး


တာချီလိတ်၊ ဇူလိုင် ၁၃

ချောင်းအတွင်း လျှပ်စစ်ရှော့တိုက်ငါးဖမ်းရာကနေ တာလေမြို့၊ ခမရ(၃၁၆)မှ တပ်ကြပ်ကြီးတစ်ဦး ဇူလိုင်လ ၁၂ရက် မနက် (၁၁)နာရီခန့်က နမ့်လင်းချောင်းအတွင်း သေဆုံးသွားကြောင်း တာလေနယ်မြေရဲစခန်းကနေ သိရပါတယ်။

တာလေမြို့၊ ခမရ(၃၁၆)က တပ်ကြပ်ကြီး ထွန်းကျော်သိန်းဟာ ဇူလိုင် ၁၂ရက် မနက်ပိုင်း တပ်ကြံခိုင်ရေးအချိန်မှာ လာရောက်တန်းစီခြင်းမရှိတာကြောင့် ၎င်းရဲ့ ဇနီးဖြစ်သူကို သွားရောက်မေးမြန်းရာမှာ ချောင်းအတွင်း ငါးရှော့ရိုက်မည်ဟုဆိုကာ ထွက်သွားကြောင်း သိရတာကြောင့် တပ်တာဝန်ရှိသူတွေက သွားရောက်ရှာဖွေခဲ့ပါတယ်။

သွားရောက်ရှာဖွေရာမှာ အသက် (၅၇)နှစ်အရွယ် တပ်ကြပ်ကြီးထွန်းကျော်သိန်းဟာ နမ့်လင်းချောင်းကမ်းစပ် တစ်နေရာမှာ ငါးရှော့တိုက်ရာမှာသုံးတဲ့ (၁၂)ဗို့ ဘတ္ထရီထည့်ထားတဲ့ ကော်ပုံးကို လွယ်ပြီး လက်မှာ ရှော့တိုက်တံ (၂)ချောင်းကို ကိုင်ကာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ မဟုတ်တာကြောင့် တာလေနယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
ချောင်းအတွင်း ငါးရှော့တိုက်ရင်း တပ်ကြပ်ကြီးတစ်ဦးသေဆုံး ချောင်းအတွင်း ငါးရှော့တိုက်ရင်း တပ်ကြပ်ကြီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 12:54 Rating: 5
Powered by Blogger.