ကန့်ဘလူ၌ သံလမ်းကူး(ဂိတ်တံခါးမရှိ)တွင် ရထားနှင့်ကားတိုက်မိ တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရရှိ


ကန့်ဘလူ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီခွဲခန့်က ကျွန်းလှဘူတာမှ ကန့်ဘလူဘူတာသို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF 1350 စက်ခေါင်းမောင်းဦးသက်ညွန့်၊ ဦးရဲနိုင်တို့မောင်းနှင်ပြီး ဂါတ်ဘို ဦးမောင်မောင်အေး လိုက်ပါလာသော အမှတ် ၂၃၆ အစုန်ရထားအား ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နေယာဉ်မောင်း မင်းမင်း(၂၉ နှစ်)မောင်းနှင်လာသည့် ယာဉ်အမှတ် MDY 5Q 8837 အဖြူရောင်စူဇူကီးလေးဘီးယာဉ်မှ ကန့်ဘလူ-ကျွန်းလှ ဘူတာကြား မိုင်တိုင်အမှတ် ၄၉၀/၁၅ နှင့် ၄၉၀/၁၆ အကြားရှိ အမှတ်(၁)ဘက်စုံရပ်ကွက် တရားမဝင်သံလမ်းကူးအား အရှေ့ဘက်မှအနောက်ဘက်သို့ ဖြတ်ကျော်မောင်းနှင်စဉ် မီးရထားနှင့်တိုက်မိခဲ့ကြောင်းသိရသည်။


အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်(မော်တော်ကား)ပေါ်ပါ ယာဉ်မောင်းအပါအဝင် ခုနှစ်ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျားသုံးဦး၊ မ သုံးဦးတို့တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့သည်။အဆိုပါ အခင်းဖြစ်ရပ်သို့ ကန့်ဘလူလူတာရုံပိုင်ကြီး ဦးဝင်းမြင့်၊ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဒဏ်ရာရလူနာများအား လူနာတင်ယာဉ်ဖြင့် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ရပ်မှ ယာဉ်မောင်း မင်းမင်းအား ကန့်ဘလူမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ