စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ သုံးဘီး ဆိုင်ကယ် နှင့် ဆိုင်ကယ် တိုက်မိကာ ၃ ဦးသေဆုံး

ဆိုင်ကယ် တိုက်မိမှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)
  ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆိုင်ကယ် နှင့် သုံးဘီး ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

တမူး-ကလေးကားလမ်း၌ ဇူလိုင် ၁ ရက် ညပိုင်းတွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ဆိုင်ကယ် နှင့်  ကလေးမှ တမူးသို့ မောင်းနှင်လာသည့် သုံးဘီး ဆိုင်ကယ်တို့ သည် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ဒဏ်ရာ ရရှိသူများ အနက် ၃ ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ကြောင်း နှင့် တမူး မြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ သုံးဘီး ဆိုင်ကယ် နှင့် ဆိုင်ကယ် တိုက်မိကာ ၃ ဦးသေဆုံး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ သုံးဘီး ဆိုင်ကယ် နှင့် ဆိုင်ကယ် တိုက်မိကာ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 03:28 Rating: 5
Powered by Blogger.