ရွှေမန္တလာယာဉ်နဲ့ ဆိုင်ကယ်တိုက် လူ၂ဦးသေ


ပေါင် ဇူလိုင်၁၇

မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါလာသူ ညီအစ်ကို ၂ဦးလုံးသေဆုံးခြင်းဖြစ်သည်။

ဇူလိုင်၁၇မနက်၅နာရီကျော်အချိန်က ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ အဝေးပြေးကားလမ်းမိုင်တိုင်အမှတ်၁၇၇/၀အနီး မင်းသန့်ဆီအရောင်းဆိုင်နားတွင်ဖြစ်ပွားခဲ့သည်။

ရန်ကုန်ဘက်က မော်လမြိုင်သို့ ယာဉ်မောင်း ရဲခင် ၃၅နှစ် မောင်းလာသည့် ရွှေမန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့်မော်လမြိုင်မှပေါင်ဘက်သို့ အောင်ဇော်ဦးမောင်းသည့် ဆိုင်ကယ်တို့လမ်းလည်တွင်မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ပေါ်ပါလာသူ ၂ဦးဖြစ်သည့် အောင်ဇော်ဦး ၂၇နှင်(ဘ)ဦးချစ်သိန်း ကျားဘိုရွာ ပေါင်မြို့နှင့်၎င်း၏အစ်ကို သန်းချစ်ဦး ၃၅နှစ်တို့ဒဏ်ရာအသီးသီးရပြီးသေဆုံးသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ပေါင်ရဲစခန်း ယဉ်(ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က )အရ ယာဉ်မောင်း၂ယောက်လုံးကိုအရေးယူထားသည်။

ဝရဇိန် ပေါင်
Paung Daily
https://www.facebook.com/paungdaily/
ရွှေမန္တလာယာဉ်နဲ့ ဆိုင်ကယ်တိုက် လူ၂ဦးသေ ရွှေမန္တလာယာဉ်နဲ့ ဆိုင်ကယ်တိုက် လူ၂ဦးသေ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.