ဝါဆိုလပြည့်နေ့ နံနက်ပိုင်း မဟာမြတ်​မုနိဘုရားအတွင်း ခါးပိုက်​နှိုက်​ဖမ်းမိ

( Photo: WinkyawOo )
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိဘုရား အတွင်း ဇူလိုင်လ ၁၆ရက်နေ့(ဝါဆိုလပြည့်နေ့) နံနက်ပိုင်းက ဘုရားဂေါပကအဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ အမှတ်(၁၀)ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဘုရားဖူးလာပြည်သူများ လုံခြုံစိတ်ချမ်မြေ့စွာ ကုသိုလ်ပြုနိုင်ရေးအတွက်ဆောင်ရွက်နေစဉ် ဘုရားဖူးလာပြည်သူများနှင့် ဈေးဆိုင်များမှ အလစ်သုတ်ခိုးယူထားသည်ဟု ယူဆရသည့် ပစ္စည်းများနှင့်အတူ အမျိုးသမီး(၂)ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဝါဆိုလပြည့်နေ့ နံနက်ပိုင်း မဟာမြတ်​မုနိဘုရားအတွင်း ခါးပိုက်​နှိုက်​ဖမ်းမိ ဝါဆိုလပြည့်နေ့ နံနက်ပိုင်း မဟာမြတ်​မုနိဘုရားအတွင်း ခါးပိုက်​နှိုက်​ဖမ်းမိ Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.