ရန်ကုန်-မန္တလေးကားလမ်းတွင် ၁၈ ဘီးဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ကျွမ်းမှုဖြစ်ပွား


ရေတာရှည် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်- မန္တလေး ကားလမ်းတွင် ဇူလိုင် ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ၁၈ ဘီး ဆီဘောက်ဆာယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သန်းစိုး ၄၅ နှစ်၊ မလှိုင်မြို့နေသူမောင်းနှင်ပြီး တစ်မြို့တည်းနေ တင်အောင်မိုး ၃၆ နှစ် တို့လိုက်ပါလာသည့် ဖူဆို ၁၈ ဘီးဆီဘောက်ဆာယာဉ်သည် မြို့လှမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၁၉၄/၃ နှင့် ၄ အကြားကားလမ်းအကွေ့အရောက် အရှိန်လွန်တိမ်း မှောက်သွားခဲ့ပြီး ကိုက် ၂၀ ခန့်ရွှေ့လျားသွားခဲ့သည်။

တိမ်းမှောက်သွားသော ယာဉ်နှင့် ကတ္တရာလမ်း တို့ပွတ်တိုက်သည့်အရှိန်ဖြင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး မြို့လှနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဝင်း ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ အမြန်လမ်းမီးသတ်စခန်းများမှ မီးသတ်ယာဉ် ၇ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ် တွင် လုံးဝမီးငြှိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့နှစ်ဦးစလုံး မီးလောင်ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြို့လှတိုက်နယ်ဆေးရုံသို့တင်ပို့ပေးခဲ့ပြီး ယာဉ်မောင်း သန်းစိုး အား မြို့လှနယ် မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မန္တလေးကားလမ်းတွင် ၁၈ ဘီးဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ကျွမ်းမှုဖြစ်ပွား ရန်ကုန်-မန္တလေးကားလမ်းတွင် ၁၈ ဘီးဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.