သန်လျင်၌ ယာဉ်တိုက်မှုဖြစ်ပွား အမည်မသိ အမျိုးသားတစ်ဦး သေဆုံး


ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁၀) သစ်စက်လမ်း၌ ဇူလိုင် ၉ ရက် ၀၁း၃၀ အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမည်မသိအမျိုးသားတစ်ဥိး သေဆုံးခဲ့ကြောင်း သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ အမှတ် (၁၀) သစ်စက်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် ယာဉ်အမျိုးအစား (စုံစမ်းဆဲ) ယာဉ်သည် ကုလားဘုရားကျောင်းအနီးအရောက် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသူ အမည်မသိ (စုံစမ်းဆဲ) အသက် (၅၀) နှစ်ခန့် အမျိုးသားအား ဝင်ရောက်တိုက်မိရာ အမည်မသိ အမျိုးသားတွင် ဘယ်၊ ညာ လက်မောင်းကျိုး၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ