ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

 ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်သည် Var ဒေသ Ollioules ရပ်ကွက်ရှိ ဓာတ်ငွေ့ဆိုင်တစ်ခုအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း၊ ဒဏ်ရာရသူအား ဒေသတွင်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများ အဆိုအရ သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသေနတ်ပစ်ခတ်မှုဖြစ်ပွားရသည့် ရည်ရွယ်ချက်က လက်စားချေခြင်းကြောင့်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံမီဒီယာက ရေးသားထားသည်။

(Xinhua)
www.xinhuamyanmar.com
ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 05:20 Rating: 5
Powered by Blogger.