ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း သက်သေမပြနိုင်သဖြင့် ခိုးယူလာသည်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီး

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

တာချီလိတ်၊ ဇူလိုင် ၂၂

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ကနေ ထွန်းလင်းအောင် လမ်းသွယ်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို တားဆီးစစ်ဆေးရာမှာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ မပြနိုင်တဲ့အတွက် ခိုးယူလာသည်ဟု မသင်္ကာမှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှာ ဇူလိုင်လ ၂၂ရက် မနက်ပိုင်းက အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။

ဇူလိုင်လ ၂၂ရက် မနက်(၁၁)နာရီအချိန်ခန့်က မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ဇေယျ နဲ့ နယ်ထိန်းအဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းဘက်မှ ထွန်းလင်းအောင် လမ်းသွယ်ဘက်ကို ဟိစတေ (ခ)လဝ(ခ)မီးသတ် နှင့် မျိုး လှိုင်ကို(ခ) အငယ်ကောင် တို့နှစ်ဦး မောင်းနှင်လာတဲ့ Wave-i 110 အမျိုးအစား ဖြူ /ပြာရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်မေးရာ ဆိုင်ကယ်နဲ့ ပတ်သက်ပြီး မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြ သနိုင်ခြင်းမရှိပဲ ဆိုင်ကယ်ကို တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဆိုင်ကယ်နဲ့အတူ လက်ဝယ်တွေ့ရှိသူ ဟိစတေ (ခ)လဝ(ခ)မီး သတ်(၂၀)နှစ်နဲ့ မျိုးလှိုင်ကို(ခ)အငယ်ကောင် (၁၈)နှစ်တို့နှစ်ဦးကို တာချီလိတ်မြို့မ ရဲစခန်းက (ပ)၃၉၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄(ဆက)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း သက်သေမပြနိုင်သဖြင့် ခိုးယူလာသည်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီး ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း သက်သေမပြနိုင်သဖြင့် ခိုးယူလာသည်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီး Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.