အမရပူရမြို့နယ်ရှိ စွယ်တော်ကားကြီးဝင်းအတွင်း ဓါးထိုးခံရ၍ အမျိုးသမီး(၁)ဦး သေဆုံး


မန္တလေး - ၁ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိပြည်ကြီးမင်္ဂလာ ကုန်ယာဉ်ရပ်နားစခန်း (စွယ်တော် ကားကြီးဝင်း)အတွင်း မနေ့က (ဇွန် ၃၀) ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည် ။

ဇွန်လ ၃၀ ရက် ည ၉ နာရီခန့်က ပြည်ကြီးမင်္ဂလာ ကုန်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကြီးဝင်း)၆၆ လမ်း၊ B-C လမ်းကြားရှိ “အောင်နိုင်သူ” စတိုးနှင့်လျှပ်စစ်ပစ္စည်းဆိုင်ပေါက်ဝတွင် မိတ္ထီလာမြို့နေ (၁၇)နှစ် အရွယ် အမျိုးသမီးတစ်ဦး အား အခြားအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုမည် ဆိုသောကြောင့် ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင် ရဲဇင်အောင်က ဓားဖြင့်ထိုးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ဓားထိုးခံရသည့် ဒဏ်ရာဖြင့် မန္တလေး အထွေထွေ ရောဂါကုဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှင့် မောင် ရဲဇင်အောင်သည် ယခင်က ရင်းနှီး သိကျွမ်းခဲ့သူဖြစ်သည် ဟုသိရသည်။

ဓားဖြင့်ထိုးသူ မောင်ရဲဇင်အောင်အား မြစ်ငယ်နယ်မြေရဲစခန်း(ပ)၄၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အမရပူရမြို့နယ်ရှိ စွယ်တော်ကားကြီးဝင်းအတွင်း ဓါးထိုးခံရ၍ အမျိုးသမီး(၁)ဦး သေဆုံး အမရပူရမြို့နယ်ရှိ စွယ်တော်ကားကြီးဝင်းအတွင်း ဓါးထိုးခံရ၍ အမျိုးသမီး(၁)ဦး သေဆုံး Reviewed by THITHTOOLWIN on 08:19 Rating: 5
Powered by Blogger.