အိန္ဒိယဘက်မှ လမ်းဖောက်မှု မြန်မာနယ်နိမိတ် ကျော်၍ ကန့်ကွက်

ဓာတ်ပုံ --Paonyang S- Haokip Kuki

တမူးlဇူလိုင်-၅

အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယဘက်မှ ကျေးရွာချင်းဆက်လမ်းဖောက်ရာ မြန်မာဘက်ခြမ်း နယ်နိမိတ်ကျော်လွန်ခဲ့၍ သွားရောက်ကန့်ကွက်ခဲ့ကြောင်း နယ်စပ်တမူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင် ကပြောသည်။

နယ်နိမိတ်အတွင်း ကျော်လွန်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ တမူးမြို့ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံပါဝင်သော အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် သွားရောက်ပြီး စစ်ဆေး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ --Paonyang S- Haokip Kuki

"သူတို့လည်း နောက်ပြန်ဆုတ်သွားပါတယ်။လုပ်ချင်တယ်ဆိုရင် စာနဲ့နှစ်နိုင်ငံအကြောင်းကြားပြီး ဆောင်ရွက်လို့ရပါတယ်လို့ ပြောခဲ့ပါတယ်၊အခုဆက်လုပ်လို့မရတော့ပါဘူး"ဟု ဦးမျိုးမင်းအောင်ကပြောသည်။

တမူးမြို့နယ် ကွန်တောင်းကျေးရွာအုပ်စု ဆရာစံရွာအနောက်ဘက်ရှိ နယ်ခြားမှတ်တိုင် BP 82နှင့်BP 83ကြားတွင် အိန္ဒိယနိုင်ငံ နောင်ကံကျေးရွာသားများက ကျေးရွာချင်းဆက် လမ်းဖောက်လုပ်နေခြင်းဖြစ်သည်။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
အိန္ဒိယဘက်မှ လမ်းဖောက်မှု မြန်မာနယ်နိမိတ် ကျော်၍ ကန့်ကွက် အိန္ဒိယဘက်မှ လမ်းဖောက်မှု မြန်မာနယ်နိမိတ် ကျော်၍ ကန့်ကွက် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.