ဒေါ်လာ နှစ်သန်းကျော် သယ်လာသူ တောင်ကိုရီးယား နှစ်ဦး ကမ္ဘောဒီးယားရဲ ဖမ်းဆီး


 ခွင့်ပြုချက်မရရှိဘဲ အမေရိကန်ဒေါ်လာ နှစ်သန်း နှစ်သိန်း သယ်ဆောင်လာတဲ့ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးထားတယ်လို့ ကမ္ဘောဒီယား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်ကနေ Siem Reap နိုင်ငံတကာလေဆိပ်ကိုရောက်လာတဲ့ အဲဒီ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ရဲ့ ခရီးဆောင်သေတ္တာထဲမှာပါလာတဲ့ ငွေတွေကို လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူတွေက တွေ့ရှိတာဖြစ်ပြီး ငွေအများစုဟာ ရာတန်တွေဖြစ်ပါတယ်။

ဒေါ်လာတွေသယ်လာတဲ့ ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေပြီး ငွေတွေကိုလည်း သိမ်းလိုက်ပါတယ်။

ဧပြီလတုန်းကလည်း ခွင့်ပြုချက်မရှိဘဲ အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား သုံးယောက်ကို ငွေကြေးခဝါချမှု စွဲချက်တင်ထားပါတယ်။ ပြစ်မှုထင်ရှားရင် ဒီလူတွေဟာ ထောင်ဒဏ် ၁၀ နှစ်က အနှစ် ၂၀ ထိ ကျခံရနိုင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ