၁၂ ဘီး ဘောက်ဆာယာဉ်မှ လမ်းဖြတ်ကူးသူ ကျောင်းသူကလေးငယ်တစ်ဦးအား ဝင်ရောက်တိုက်မိရာ နေရာတွင် သေဆုံး


ကျောက်တံခါး ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၀၁/၆နှင့်၇အကြား အလယ်ကျွန်းကျေးရွာအနီး၌ ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီ ခန့်က လမ်းဖြတ်ကူးသူ ပထမတန်းကျောင်းသူ ကလေးငယ်တစ်ဦးအား ၁၂ ဘီး ဘောက်ဆာယာဉ်မှ ဝင်ရောက်တိုက်မိရာ နေရာတွင် သေဆုံးမှုဖြစ်ပွားခဲ့သည်။

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ တင်လဲရည်များတင်ဆောင်၍ ယာဉ်မောင်းသန့်ဇင်(ခ)သက်နောင်၂၅နှစ် ဝဲဒေါင့်ကျေးရွာ၊ ဖြူးမြို့နယ်နေသူ မောင်းနှင်သည့်ယာဉ်အမှတ်BGO-3A/------ ၁၂ ဘီး ဘောက်ဆာယာဉ်မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏အရှေ့ဘက်မှအနောက်ဘက်သို့ လမ်းဖြတ်ကူးသူ မထက်ထက်အောင် ၆ နှစ် ပထမတန်းကျောင်းသူ (အလက(ခွဲ)ရင်းတိုက်ကုန်း) အလယ်ကျွန်းကျေးရွာ ၊ ကျောက်တံခါးမြို့နယ်နေသူအား ဝင်ရောက်တိုက်မိပြီး ယာဉ်၏နောက်ဘီးဖြင့်ကြိတ်မိရာ မထက်ထက်အောင်တွင် ဦးနှောက်များပွင့်ထွက်ကာ ရရှိဒဏ်ရာများဖြင့်နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စခန်းမှူးဒုရဲမှူး ပြေငြိမ်းက စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်မောင်းသန့်ဇင်(ခ)သက်နောင်အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
၁၂ ဘီး ဘောက်ဆာယာဉ်မှ လမ်းဖြတ်ကူးသူ ကျောင်းသူကလေးငယ်တစ်ဦးအား ဝင်ရောက်တိုက်မိရာ နေရာတွင် သေဆုံး ၁၂ ဘီး ဘောက်ဆာယာဉ်မှ လမ်းဖြတ်ကူးသူ ကျောင်းသူကလေးငယ်တစ်ဦးအား ဝင်ရောက်တိုက်မိရာ နေရာတွင် သေဆုံး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.