တာချီလိတ်မြို့နယ် ပါလိုင်ကျေးရွာအနီးမှ ထိုင်းနိုင်ငံသားများအပါအဝင် ရှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ


တာချီလိတ် ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာအနီးရှိအဆောက် အဦအတွင်းမှ ဇူလိုင် ၂ ရက်၊ ညနေပိုင်းက မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ထိုင်းနိုင်ငံသားအမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံးဦးစုစုပေါင်းရှစ်ဦးအားလက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာနယ်မြေခံတပ်နယ်မှ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာအနီးတွင် ထိုင်းနိုင်ငံသားများတရားမဝင် နေထိုင်နေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာမြန်မာနိုင်ငံသားအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ထိုင်းနိုင်သားအမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးစုစုပေါင်းရှစ်ဦးကိုတွေ့ရှိရပြီး၊ ခြံဝင်းအတွင်း ဆက်လက်ရှာဖွေရာခြောက်လုံးပြူးသေနတ်နှစ်လက်၊ 9MM ပစ္စတိုသေနတ် သုံးလက်၊ AK-47 သေနတ် သုံးလက်၊ M-16သေနတ် နှစ်လက်၊ ၁၂ဗို့ တစ်လုံးထိုးသေနတ် သုံးလက်၊ MK-12 တစ်လက်၊ M-22ရိုင်ဖယ် တစ်လက်၊ 9MM ကျည်(၂၄၈)တောင့်၊ ပွိုင့်-၃၅၇ ကျည်(၅၃)တောင့်၊ ပွိုင့်-၄၅ ကျည် (၁၆၁)တောင့်၊ ပွိုင့်-၂၂ ကျည်(၆၅၀)တောင့်၊ ၅ဒဿမ၅၆ မမကျည်(၃၁၈)တောင့်၊ M-22 ကျည် (၄၀၀)တောင့်၊ ၁၂ဗို့ ကျည် (၁၂၀)တောင့်၊ စုစုပေါင်းကျည်မျိုးစုံ (၁၉၅၀)တောင့်၊ VIGO မော်တော်ယာဉ် သုံးစီး၊ MARK-X အမျိုးအစားမော်တော်ယာဉ်တစ်စီး၊ 9MM ကျည်အိမ်(၅)ခု၊ M-16ကျည်အိမ် (၉)ခု၊ ပွိုင့်-၂၂ ကျည်အိမ် (၇)ခု၊ စုစုပေါင်းကျည်အိမ်(၂၁)ခုတို့ကိုသိမ်းဆည်းရမိခြင်းဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိသူရှစ်ဦးအား အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးလေး(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ