အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် ကဘူးလ်တက္ကသိုလ် ၏ တံခါးဝတွင်ဖြစ်ပွားသည့်ပေါက်ကွဲမှု တွင် ၄ဦးသေဆုံး၊ ၁၆ဦးဒဏ်ရာရ

ကဘူးလ်တက္ကသိုလ် ၏ တံခါးဝတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)
ကဘူးလ်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

 အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် ကဘူးလ်တက္ကသိုလ် ၏ တောင်ဘက်တံခါး တွင် ဇူလိုင် ၁၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ရာ လူ ၄ဦး သေဆုံးခဲ့ပြီး အခြား ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz ကပြောသည်။

 “စာမေးပွဲအတွက်စုဝေးနေကြတဲ့ကျောင်းသားတွေစုဝေးနေကြတဲ့ချိန် ကဘူးလ်တက္ကသိုလ် ရဲ့တောင်ဘက်တံခါး မှာ ဒေသစံတော်ချိန် မနက် ၇း၁၀ နာရီ ကပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယာဉ်ထိန်းရဲတစ်ဦးအပါအဝင် လူ၎ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦး အပါအဝင် ၁၆ ဦး ဒဏ်ရာရှိခဲ့တယ်’’ ဟု Faramarz က ဆင်ဟွာကိုပြောသည်။

ပေါက်ကွဲမှုကြောင့် မော်တော်ကားနှစ်စီးလည်း ပျက်စီးခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။ ပေါက်ကွဲမှု နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့၏ လက်ချက်ဟုပြောကြားခဲ့ခြင်းမရှိပေ။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် ကဘူးလ်တက္ကသိုလ် ၏ တံခါးဝတွင်ဖြစ်ပွားသည့်ပေါက်ကွဲမှု တွင် ၄ဦးသေဆုံး၊ ၁၆ဦးဒဏ်ရာရ အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် ကဘူးလ်တက္ကသိုလ် ၏ တံခါးဝတွင်ဖြစ်ပွားသည့်ပေါက်ကွဲမှု တွင် ၄ဦးသေဆုံး၊ ၁၆ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.