မလေးရှားသွားမယ့် မြန်မာ ရှစ်ဦး ထိုင်းရဲ ဖမ်းဆီး

 ထိုင်း-မြန်မာနယ်စပ်တွင် စစ်ဆေးရေးဆောင်ရွက်နေသည့် ထိုင်းရဲတပ်သားများ။
ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာခရိုင်မှာ မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမား ရှစ်ဦးကို ထိုင်းနိုင်ငံသားနှစ်ဦးနဲ့ အတူဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

ဒီမြန်မာနိုင်ငံသားတွေဟာ ဗင်ကားတစီးပေါ်မှာ ပုန်းအောင်းလိုက်ပါလာကြတာဖြစ်ပြီး၊ ကားမောင်းတဲ့ ထိုင်းအမျိုးသမီးနဲ့ လူကုန်ကူးသူလို့ ယူဆရတဲ့ ထိုင်းအမျိုးသမီးတို့ကိုပါ ဖမ်းဆီးလိုက်ကြောင်း၊ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီမြန်မာအလုပ်သမားတွေကို ပို့ပေးဖို့အတွက် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၁၁ဝဝ နဲ့ ခေါ်လာတာလို့ ဆိုပါတယ်။ ထိုင်း ရဲအရာရှိတဦးရဲ့ ပြောကြားချက်အရ- လူမှောင်ခိုကူးသူတွေဟာ မြန်မာအလုပ်သမားတယောက်ကို ဘတ်ငွေ နှစ်သောင်းနဲ့ မလေးရှားကို ပို့ဆောင်ပေးနေပြီး၊ ရိုဟင်ဂျာမွတ်စလင်တွေဆိုရင်တော့ တယောက်ကို ဘတ် ခြောက်သောင်းအထိ တောင်းယူနေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားသွားမယ့် မြန်မာ ရှစ်ဦး ထိုင်းရဲ ဖမ်းဆီး မလေးရှားသွားမယ့် မြန်မာ ရှစ်ဦး ထိုင်းရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 09:27 Rating: 5
Powered by Blogger.