ဆက်သွယ်ရေးပစ္စည်းတွေ တရားမ၀င် တပ်ဆင်နေတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီး


 မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ဆက်သွယ်ရေးပစ္စည်းတွေ တရားမ၀င် ပြောင်းရွှေ့တပ်ဆင်နေတဲ့ တရုတ်နိုင်ငံသား တစ်ယောက်ကို ဇူလိုင်လ ၁ ရက်နေ့ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။

ဆက်သွယ်ရေး ဆင့်ပွားလိုင်းတွေကို ခွင့်ပြုချက်မရှိပဲ တင်ဆင်နေတာဖြစ်တယ်လို့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

တရားမ၀င် တပ်ဆင်နေချိန်မှာ ဖမ်းမိခဲ့တဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေတာလို့ ဆိုပါတယ်။


Mr.Liu Shang Rong ဟာ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဆိုက်ရောက်ဗီဇာနဲ့ရောက်ရှိလာသူ ဖြစ်ပြီး အခုနှစ် မေလ ၅ ရက်ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ နေထိုင်ခွင့်ရရှိထားသူဖြစ်ပါတယ်။

ဗီဇာစည်းကမ်းကို ဖောက်ဖျက်ခဲ့တာကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူအမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးတာဝန်ရှိသူတွေနဲ့ ကျောက်ဝိုင်းတာဝန်ရှိသူတွေဟာ ဆိုင်ခန်းတွေကို လိုက်လံစစ်ဆေးနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဆက်သွယ်ရေးပစ္စည်းတွေ တရားမ၀င် တပ်ဆင်နေတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီး ဆက်သွယ်ရေးပစ္စည်းတွေ တရားမ၀င် တပ်ဆင်နေတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီး Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.