မိုင်းတုံမှာ အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ဇနီးဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေ

ဓာတ်ပုံ - မိုင်းဆတ်(ပြန်/ဆက်)
တာချီလိတ်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့မှာ ဇူလိုင်လ ၉ရက် မနက်ပိုင်းက အမျိုးသားတစ်ဦး တောင်ယာစိုက်ခင်းထဲမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ မိုင်းတုံမြို့မရဲစခန်းကနေ သိရပါတယ်။

ဓာတ်ပုံ - မိုင်းဆတ်(ပြန်/ဆက်)
မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်က အသက် (၆၂)နှစ်အရွယ် ဦးအိုက်တူး ဟာ ဇူလိုင်လ ၉ရက် မနက်ပိုင်းက ဇနီးဖြစ်သူ ဒေါ်နာမွေနဲ့ စကားများပြီး တောင်ယာထဲသို့ သွားပြီး မနက် (၁၀)နာရီခန့်မှာ ဇနီးဖြစ်သူ ဒေါ်နာမွေနဲ့ အိမ်မှာ အလုပ်ကူလုပ်သူ ဦးကျော်ရွှေဘတို့ တောင်ယာထဲသို့ ထမင်းလိုက်ပို့ရာမှာ ဦးအိုက်တူးဟာ ဦးခေါင်းပြတ်လျက်သေဆုံးနေတာကို တွေ့ရတာ ဖြစ်ပါတယ်။

ဒီလိုတွေ့ရှိပြီးနောက်မှာ ဒေါ်နာမွေနဲ့ ဦးကျော်ရွှေဘတို့ဟာ နေအိမ်ကို ပြန်လာကာ အိမ်နီးနားချင်းတွေကို ပြောပြပြီး ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်ဖို့ အထုတ်အပိုးပြင်ထားတဲ့ ဒေါ်နာမွေကို နေအိမ်အနီးက အိမ်တစ်မှာ တွေ့ရှိခဲ့တယ်လို့ မိုင်းတုံမြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - မိုင်းဆတ်(ပြန်/ဆက်)
“မိန်းမ ဖြစ်သူက ရဲကိုအကြောင်းကြားရမယ့်ဟာ သူက ထွက်ပြေးဖို့လုပ်တယ်ဆိုတော့ သံသယရှိလို့ ဖမ်းဆီး စစ်ဆေးတာ ဖြစ်ပါတယ်။ အတိအကျပြောလို့ မရသေးဘူး။ စစ်ဆေးနေတုန်းပဲရှိသေးတယ်” လို့ သူက ပြောပါတယ်။

အိမ်မှာ အလုပ်ကူလုပ်တဲ့ ကျော်ရွှေဘ ဆိုသူလည်း ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
မိုင်းတုံမှာ အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ဇနီးဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေ မိုင်းတုံမှာ အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ဇနီးဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.