သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင်


ဇူလိုင်လ ၉ ရက် ၂၀၁၉

ယခုလ ဇူလိုင် ၆ ရက်နေ့က သျှမ်းပြည်နယ် တောင်ကြီးမြို့ အပါအဝင် တခြားတိုင်း နဲ့ ပြည်နယ်တွေမှာ “Justice for Victoria” ဆိုတဲ့ သက်ငယ်မုဒိမ်း မှု ပပျောက်ရေး လှုပ်ရှားမှုကို ထောင်ချီ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ထို ဆန္ဒပြမှုကို ကြည့်ချင်းအားဖြင့် မိဘ ပြည်သူများဟာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု နှင့် အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တနေ့ထက် တနေ့များလာတဲ့အပေါ် ပူပင်သောက များနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကို မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ထက် တနှစ် ပိုများလာတဲ့ သက်ငယ်မုဒိမ်းမှုတွေကြောင့် သမီးရှင်မိဘတွေဟာ ရတက်မအေး ဖြစ်နေကြရပြီး နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မံ မထွက်ပေါ်လာအောင် ဆန္ဒထုတ်ဖော် နေကြခြင်း ဖြစ်ပါတယ်။

သက်ငယ် မုဒိမ်း မှု ကျူးလွန်တဲ့သူကို ကြီးလေတဲ့ ပြစ်ဒဏ် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ရန် ဥပဒေ တရပ် ပြဌာန်းခဲ့ပါတယ်။

သို့သော် သက်ငယ်မုဒိမ်းမှုနဲ့ပတ်သတ်ပြီး များသောအားဖြင့် အလိုအလျောက် ကြေအေး နေရသလို တချို့ မှာ တိုင်ကြားမှု မရှိနေတာကိုလည်း ရှိပါတယ်။

ထို သက်ငယ်မုဒိမ်း မှုတွေ နဲ့ပတ်သက်ပြီး ကျူးလွန်တဲ့သူကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေး နဲ့ တရားစီရင်မှု၊ တိုင်ကြားမှု မှာ မည်သည့် အဟန့်အတားများရှိနေ သလဲ ဆိုတာ သျှမ်းသံတော်ဆင့် မှ သျှမ်း ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ ပြည်သူများကို ဆက်သွယ်မေးမြန်းထားပါတယ်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင် Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.