တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အနုကြမ်းစီးခံရ


ဇူလိုငလ ၈ ရက် ၂၀၁၉

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တွင် အမည်မသိ အမျိုးသား ၂ ဦး မှ ရှင်းဒါ ရွှေဆိုင် ကို အနုကြမ်းစီးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၈ ရက် ယနေ့မနက်ပိုင်း ၈ နာရီ ဝန်ကျင်က တာချီလိတ်မြို့ ဝမ်ကောင်း ရပ်ကွက်ရှိ “ရှင်းဒါ” ရွှေဆိုင် ကို အမည်မသိအမျိုးသား၂ ဦး က သေနတ်အတိုဖြင့် ဝင်ရောက် အနုကြမ်းစီးပြီး ရွှေဆွဲကြိုး ၂ ကုံး လုယက်သွားကြောင်း တာချီလိတ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အမျိုးသား ၂ယောက် ဆိုင်ကယ်နဲ့ လာတာ။ သေနတ် အတို တလက်လည်း ပါတယ်။ ဆိုင်က ရွှေဆွဲကြိုး ၂ ကုံး လုပြီး ထွက်ပြေးသွားတယ်။ အခုထိ မဖမ်းမိသေးဘူး” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

ရှင်းဒါ ရွှေဆိုင်ကို အနုကြမ်းစီးပြီး ရွှေဆွဲကြိုး လုယက်သွားသည့် တရားခံအမျိုးသား ၂ဦးကို တာချီလိတ်မြို့မ ရဲစခန်း မှ လိုက်လံစစ်ဆေး ဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိမှာတော့ ထို တရားခံကို တာချီလိတ်ရဲစခန်းမှ (ပ) ၃၆၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့် ထားရှိပြီး တရာခံများ ကို အမြန်ဆုံး ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရေး အတွက် လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။

တာချီလိတ်မြို့ တွင် လွန်ခဲ့သည့် ဇွန် ၃ ရက်နေ့တွင်လည်း “ နန်းနန်း ဘွန်းကျောက်” ရွှေဆိုင် အနုကြမ်းစီးခံခဲ့ရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အနုကြမ်းစီးခံရ တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အနုကြမ်းစီးခံရ Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.