ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား သုံးဦးဒဏ်ရာများရရှိ


ရေတာရှည် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ဆပ်သွားကျေး ရွာအနီး ရန်ကုန်-မန္တလေးကားတွင် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းအချိန် ယာဉ်မောင်းအိပ်ငိုက်သွားရာမှ ရှေ့မျက်နှာချင်ဆိုင်ဘက်မှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်အားဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရနယ်မြေရဲစခန်း တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်ချို ၂၆ နှစ်၊ အမှတ် ၇ ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူမောင်းနှင်ပြီး တစ်ရပ်ကွက် တည်းနေ ဦးသန်းထွန်း ၅၀ နှစ်၊ မောင်ပါ ၃၉ နှစ် တို့လိုက်ပါလာသည့် YGN-1M/----- ISUZU၂၂ ဘီးယာဉ်သည် မိုင်တိုင် ၁၉၂/၁ နှင့် ၂ အကြားအရောက် ယာဉ်မောင်းအိပ်ငိုက်သွားသဖြင့် တစ်ဘက် ယာဉ်ကြောသို့ရောက်ရှိပြီး ရှေ့မျက်နှာချင်းဆိုင်ဘက်မှမောင်းနှင်လာသည့် ကုန်တင်ယာဉ်အားပွတ်တိုက်မိ သွားခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ဦးသန်းထွန်း တွင် ဝဲဘက် နဖူးဖူးရောင်၊ ဝဲလက်ကောက်ဝတ်ကျိုးပြတ်ဒဏ်ရာ(စိုးရိမ်ရ)၊ မောင်ချို နှင့် မောင်ပါ တို့တွင် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း မောင်ချို အား သာဂရနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား သုံးဦးဒဏ်ရာများရရှိ ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား သုံးဦးဒဏ်ရာများရရှိ Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.