ရက်ပိုင်းအတွင်းက လက်ထပ်ထားသည့်အမျိုးသမီးကို တစ်ဖက်သတ်ကြိုက်နေသူက ဓားထောက်ကာ အဓမ္မကျင့်မှုဖြစ်ပွား


တာချီလိတ်၊ ဇူလိုင် ၁၉

ရက်ပိုင်းအတွင်းက လက်ထပ်ထိမ်းမြားထားတဲ့ အမျိုးသမီးကို အရင်က တစ်ဖက်သတ်ကြိုက်နေတဲ့ အမျိုးသားတစ်ဦး ဓားထောက်ကာ အဓမ္မကျင့်မှု ဇူလိုင်လ ၁၈ရက် ညနေပိုင်းက တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ရတနာ (၆)လမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အသက် (၁၅)နှစ်အရွယ် အမျိုးသမီး တစ်ဦးတည်း နေအိမ်မှာ အဝတ်လျှော်နေစဉ် အရင်က တစ်ဖက်သတ်ကြိုက်နေတဲ့ အသက် (၂၀)အရွယ် နေလင်းဦးဆိုသူ ရောက်လာပြီး ခဏအကြာမှာ နေအိမ်တံခါးတွေကို ပိတ်ကာ အမျိုးသမီးကို ဓားထောက်ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့မရဲစခန်းကနေ သိရပါတယ်။

“အမျိုးသမီးက လက်ထပ်ထားတာ ၄၊ ၅၊ ၁၀ ရက်ပဲရှိသေးတယ်။ အဓမ္မပြုကျင့်တဲ့ကောင်က ထွက်ပြေးတိမ်းရှောင်နေလို့ လိုက်လံဖမ်းဆီးနေပါတယ်” လို့ တာချီလိတ်မြို့ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်သူ နေလင်းဦးကို တာချီလိတ်မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
ရက်ပိုင်းအတွင်းက လက်ထပ်ထားသည့်အမျိုးသမီးကို တစ်ဖက်သတ်ကြိုက်နေသူက ဓားထောက်ကာ အဓမ္မကျင့်မှုဖြစ်ပွား ရက်ပိုင်းအတွင်းက လက်ထပ်ထားသည့်အမျိုးသမီးကို တစ်ဖက်သတ်ကြိုက်နေသူက ဓားထောက်ကာ အဓမ္မကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.