မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲသည့်သူများကို ဒဏ်ရိုက်ရာ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိ


မန္တလေး ၅ ဇူလိုင်

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုများကို စစ်ဆေး၍ ဒဏ်ရိုက်ရာ ၈ လအတွင်း ဒဏ်ကြေးပမာဏ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင်လျှပ်စစ်မီးခိုးယူသုံးစွဲမှုပေါင်း (၁၀၁) မှုရှိခဲ့ပြီး တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲသူများထံမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် မေလ အထိ ဒဏ်ကြေး လျှော်ကြေး အဖြစ် ငွေကျပ်သိန်း ၉၃၉၃ ကျော် ရရှိခဲ့သည် ။

"လျှစ်စစ်ကို အသိမပေးပဲ ခိုးယူသုံးစွဲတာတွေကို စစ်ဆေးပြီး အရေးယူတာပါ ။ အရေးယူတဲ့ထဲမှာ စက်ရုံအလုပ်ရုံတွေပါတယ်။ အဲ့တာကြောင့်ဒဏ်ကြေးငွေတွေကများသွားတာပါ " ဟု မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

လျှပ်စစ်မီးခိုးယူသုံးစွဲရာတွင် သုံးသလောက် ယူနစ်မတက်ပဲ တစ်စိတ်တစ်ပိုင်းသာ ယူနစ်တက်ရန်ကြားဖြတ် ခိုးယူသုံးစွဲကြခြင်း ဖြစ်ကြောင်း သိရသည် ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လ ကနေစတင်၍ လျှပ်စစ်မီတာယူနစ်နှုန်းထားများ တိုးမြှင့်လိုက်သည့်အတွက် မသမာသည့် မီတာဖတ်မှုများနှင့် တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုများ မရှိစေရန်ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည် ။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲသည့်သူများကို ဒဏ်ရိုက်ရာ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိ မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲသည့်သူများကို ဒဏ်ရိုက်ရာ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.