ယာဉ်ငယ်တစ်စီးအရှိန်လွန်ကာ ရေမြောင်းတစ်ဘက်သို့ရောက်ရှိခဲ့ပြီး ယာဉ်မောင်းထွက်ပြေးနေ


ရေတာရှည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်းကျေးရွာနှင့်သပြေတန်းကျေးရွာအကြား ရန်ကုန်-မန္တလေးကားလမ်း၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ယာဉ်ငယ်တစ်စီးအရှိန်လွန် ပြီး ကားလမ်းအနောက်ဘက်ရှိ ရေမြောင်းကိုကျော်ကာ တစ်ဘက်တာဘောင်ပေါ်တွင်ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းနှင်သူမှာ ယာဉ်ကိုထားရစ်ပြီးထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရသည်။

ရေတာရှည်မြို့မ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် သီတာစိန် နှင့်အဖွဲ့က မော်တော်ယာဉ်အား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်နှင့်ပါတ်သက်သည့်စာရွက်၊ စာတမ်းတစ်ခုမှတွေ့ရှိရခြင်း မရှိကြောင်းသိရသည်။ YGN-6H/-----ကာဒီးနား အမျိုးအစား ယာဉ်ငယ်သည် ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၁၇၈/၆ အနီးအရောက် ကားလမ်းအရှေဘက်မြေသားလမ်းပေါ်တွင် ဆွဲချ သွားသည့် ကားဘီးယာကိုတွေ့ရှိရပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်းအနောက်ဘက်ရှိ အကျယ်ပေ ၂၀ ခန့်၊ အနက် ၁၅ ပေခန့်ရှိ ရေမြောင်းအားကျော်လွန်ကာ အနောက်ဘက်ရှိ တာဘောင်ပေါ်တွင်ရပ်တန့် သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်မတော်တဆမှုနှင့်ပါတ်သက်၍ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင်သူကို ရဲတပ်ဖွဲ့ကဆက် လက်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်ငယ်တစ်စီးအရှိန်လွန်ကာ ရေမြောင်းတစ်ဘက်သို့ရောက်ရှိခဲ့ပြီး ယာဉ်မောင်းထွက်ပြေးနေ ယာဉ်ငယ်တစ်စီးအရှိန်လွန်ကာ ရေမြောင်းတစ်ဘက်သို့ရောက်ရှိခဲ့ပြီး ယာဉ်မောင်းထွက်ပြေးနေ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.