ကော့သောင်းမြို့တွင် မော်တော်ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး သေဆုံး


ကော့သောင်း ဇူလိုင် ၃၁

ကော့သောင်းမြို့ ဘန်းကချွန်းကျေးရွာ မိုင်တိုင်အမှတ် (၁၈) အလွန် ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင် ၃၀ ရက် ယမန်နေ့ ညနေပိုင်းက ထရပ်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာ မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်တွင် လိုက်ပါစီးနင်းသူ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ညနေပိုင်းက ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ဘာလိအော် ကျေးရွာနေ သန်းထွေး ၄၅ နှစ်ဆိုသူ မောင်းနှင်သော CANTER အဖြူရောင်မော်တော်ယဉ်သည် ကော့သောင်းမှ ဘုတ်ပြင်းဘက်သို့ တဖက်ယာဉ်ကြောလမ်းမှန်အတိုင်း မောင်းနှင်လာစဉ် ခမောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် နေ မျိုးမင်း(၃၅)နှစ် မောင်းနှင်လာပြီး တစ်ရပ်ကွက် တည်းနေ ကုလား(၂၁)နှစ် နောက်မှစီးနင်းလိုက်ပါလာသော နံပတ်မပါ Scoopy အဖြူရောင်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင် တဖက်ယာဉ်ကြောမှ အရှိန်ပြင်းစွာ မောင်းနင်းလာရာမှ အရှိန်မထိန်းနိုင်ဖြစ်ကာ အခြားတဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး ဆိုင်ကယ် မောင်းနှင်သူနှင့်အတူလိုက်ပါလာသူ နှစ်ဦးလုံးပွဲခြင်းပြီးသေဆုံးရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆိုင်ကယ်မဆင်မခြင်မောင်းသူ မျိုးမင်းအား ကော့သောင်းမြို့ မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကော့သောင်းမြို့တွင် မော်တော်ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး သေဆုံး ကော့သောင်းမြို့တွင် မော်တော်ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.